အလွဲလေးများ

ရေခြားမြေခြားကို စတင်ခြေချကာစကပေါ့...။ ကျွန်တော်တို့ အလုပ် လုပ်ရမယ့် နေရာကို ကျွန်တော်နဲ့အတူ လေယာဉ်တစ်စီးထဲ အတူလာတဲ့ မြောက်ဥက္ကလာပ က လူရယ် အတူ သွားခဲ့ကြရတယ်။ စရောက်ကာစဆိုတော့
မြင်သမျှက ကိုယ့်နေရပ်နဲ့မတူ ကွဲပြားတဲ့ ပုံစံတွေပေါ့ဗျာ။ ပတ်ဝန်းကျင်ကော မြင်တွေ့ဆက်ဆံရတဲ့လူတွေကော
အရာအားလုံးပါပဲ။ဒီအရပ်ဒေသ အသစ်မှာ နိုင်ငံခြားသား တစ်ယောက်အဖြစ်နေရတော့ စိတ်ထဲမှာလဲ မြောက်ကြွကြွ ဖြစ်ချင်သလိုလို သိမ်ငယ်သလိုလိုပေါ့ ...ခံစားချက်တွေကလဲ ရောထွေးလို့ပေါ့..။အရင်ရောက်နှင့်ပြီးသား ပခုက္ကူ ဇာတိက မြန်မာ သုံးယောက်ကလဲ ရိုးသားပွင့်လင်းပြီး ကူညီ
ရိုင်းပင်းတတ်တော့ အားတော့ အရှိသားပေါ့..။ညနေဘက် အလုပ်ပြီးပြီဆိုရင် လမ်းလျှောက်ရင်းစကားဟြေကြ၊
လမ်းမှာတွေ့တဲ့ တူရကီသား၊အာဖရိကသားတွေကို နှုတ်ဆက် ရောက်တတ်ရာရာလေးတွေဟြေရင်းနဲ့ အိမ်ကို
စခွဲကာစမို့ လွမ်းနာကျမိတဲ့ စိတ်တွေကို ဖြေသိမ့်ရတာပေါ့လေ..။ဒီလိုအချိန်မှာ လူမျိုးခြားတွေနဲ့ လက်ဆွဲနှုတ်ဆက်ရတာကလဲ အရသာ တစ်မျိုးပါပဲ..။ဒါမျိုးက ကိုယ်ရပ်ရွာမှာဆိုရင် ရုပ်ရှင်တွေထဲမှာ ပြီးတော့
လူကြီးလူကောင်းတွေပဲ လုပ်တတ်ကြတာမျိုး မဟုတ်လား..။ကိုယ့်ဆီကို ဟောင်းအာယူ ဘာညာနဲ့ လက်လှမ်းထိုးပေးရင်တော့ ဂျိမ်းစဘွန်း စတိုင်လိုလို ဘာလိုလိုနဲ့ အားနာပါးနာ ( စိတ်ထဲကတော့ လှိုက်လှိုက်
လှဲလှဲပေါ့ ) နဲ့ ရှိတ်ကင်းရတာပေါ့လေ..။ဒီလို နှုတ်ဆက်ကြရင်ဖြင့် လူမျိုးခြားတွေရဲ့ မျက်နှာမှာ ပြုံးတဲ့အပြုံး
ပြီးတော့ လက်ဆွဲနှုတ်ဆက်ရင်း လက်ဖ၀ါးကို လာကုတ်တတ်တဲ့ သူတစ်ချို့ရဲ့ အပြုအမူ ကြောင့် စိတ်ထဲမယ်
မသိုးမသန့် လေးတော့ ဖြစ်မိပါရဲ့..။

0 comments: