၂၀၀၀ ခုနှစ် ၀န်းကျင်တုန်းက သထုံ အကျော် ရင်းငြိမ်ဆိုတဲ့ ရွာ ဆီသို့ အလည် သွားဖြစ်ခဲ့သည်။ ကျွန်တော့် အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ က
ထိုရွာမှ အများစု ဖြစ်သောကြောင့်ပင်။ ရွာတွင် ရှင်ပြု ရဟန်းခံ ပွဲကြီး လုပ်မည်
ဖြစ်သောကြောင့် သူငယ်ချင်း အများစု ရွာပြန် ပြီး သင်္ကန်းစည်းသူနှင့် အလည်ပြန်မည့်
သူနှင့် တစ်ပါထဲ လိုက်သွားခဲ့ခြင်းဖြစ်သည်။ ရှင်ပြု ရဟန်းခံ ပွဲကြီး မတိုင်ခင် ကြိုသွား
ခဲ့ခြင်း ဖြစ်သောကြောင့် ကြားရက်များအတွင်း အနီး ၀န်းကျင် ဘုရားများကို နယ်ခံ
သူငယ်ချင်းများက လိုက်ပို့ပေးခဲ့သောကြောင့် တစ်သသ ဖြစ်ကျန်ခဲ့စရာ နွားလဘို့တောင်
ဘုရားဖူး ရခြင်းအကြောင်း ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ရင်းငြိမ်ရွာ နှင့် နွားလဘို့တောင် ဘုရားမှာ
ခရီးတော်တော်လှမ်းသည်။ ကားဖြင့်ပင် ၂နာရီခန့် စီးရမည် ထင်သည်။ သိပ်တော့ မသေချာတော့။ နယ်ခံ သူငယ်ချင်းက ၂ယောက် တစ်ယောက်က ကုလားကြီး ဟု ရင်းနှီး
စွာခေါ်သည်။ နာမည်ရင်းလဲ ခုထိ မသိ ခေါ်လဲ မခေါ်ဖြစ်။နောက်တစ်ယောက်မှာ အမြဲတမ်း
ပြုံးနေတတ်သော ကိုမျိုး ။သူက ဒီခရီးမှာ သင်္ကန်း စည်း ဖြင့် ဦးဇင်း အသစ်စက်စက် လေးပေါ့ဗျာ။ တောင်ခြေသို့ မနက် ၈ နာရီကျော်ကျော် လောက်ရောက်သွားသည်။
ဘုရားသို့ ကားဖြစ်စေ ခြေလျှင်ဖြစ်စေ တက်လို့ရသည်။သန်သန်မာမာ လူငယ်များ
ဖြစ်သောကြောင့် လမ်းလျှောက်တက်မည်သာ။၃ယောက်သားတွင် ကျွန်တော်က
အတက်ကြွဆုံး ဖြစ်မည် ထင်သည်။အဘယ်ကြောင့်ဆိုသော် ကျွန်တော်က ရန်ကုန်သား
စစ်စစ် ယခု ကဲ့သို့ တောလမ်း ခရီး ပင်မဆိုနှင့် ကားလမ်းဘေး ၀ဲယာမှ တောရိပ် တောင်ရိပ်
မြင်ယုံဖြင့်ပင် တော်တော်လေး ရွှင်လန်းနေခဲ့သောကြောင့်ပင်
“ကဲ ဦးဇင်း ကိုမျိုးကပဲ ဘယ်လမ်းက တက်ရမလဲ ရွေးဗျာ” ကျွန်တော်က မြုံစိစိ ဖြင့် စကားနည်းတတ်သော ကုလားကြီးထက် သွက်လက် ဖော်ရွေ တတ်သော ဦးဇင်းလေး ကိုမျိုးကို လမ်းရွေးဖို့ ဟြေလိုက်သည်။ “ လမ်းတွေကတော့ အများကြီးပဲ ဗျ ငါကြားဖူးတာတော့ တောလမ်းတင် တက်ချင်တဲ့ဘက် ကတက် ဘုရားရောက်တယ်လို့
ကြားဖူးတာပဲ”
“ကဲ ဒါဆိုလဲ ကားလမ်းအတိုင်းတော့ မတက်ချင်ဘူးဗျာ တောလမ်းလေးကဆိုရင်
သွားလမ်း ပိုသာမယ် ထင်တာပဲ မဟုတ်ဘူးလား ကိုကုလားကြီး”
“ဂွတ်မယ်ထင်ရင် ဒူးသာဒူး ပါဗျ” ကုလားကြီးလဲ တက်ကြွနေပုံပင် မဆိုင်းမတွ ပြန်ဖြေ၏။
တစ်ဖြေးဖြေးဖြင့် တောထဲ ရောက်မှန်းမသိ ရောက်သွားလေသည် ။စကားတစ်ဟြေဟြေဖြင့်
လူတစ်ယောက် သာ လျှောက်လောက်သည့် တောလမ်းလေးတွင် အကောင်ပလောင်
ခြောက်လှန့်ဖို့ တုတ်လေး ကိုယ်စီဖြင့် ဦးဇင်း ကိုမျိုးက ရှေ့ဆုံးမှဦးဆောင် ကာ ကျွန်တော်က
ကျွန်တော့် အတွေးထဲမှာတော့ တော ဆိုလို့သာ တောလိုက်ရသည် သစ်ပင်တွေက ကွက်ကျား ကွက်ကျား ရုပ်ရှင်တွေထဲကလို စိမ့်နေအောင် မမှောင်သော အမည်ခံ တောသာသာ လောက်သာပင် ။အင်းလေ သူတို့ တော ဆိုလဲ တော လိုက်တာပေါ့။
ကြာလာတော့ ဦးဇင်း ကိုမျိုးလဲ စကားမရွှင်တော့ ။ကုလားကြီးလဲ နဂိုက စကားနည်းသူ
ဖြစ်သောကြောင့် ပိုပြီး တိတ်ဆိတ် သွားသည်။ ကျွန်တော်က တော့ သတိကို အပြတ်မခံ။
မြွေပါး ကင်းပါး စိုးရိမ်သောကြောင့်ပင်။ တစ်ယောက်နှင့်တစ်ယောက်လဲ စလျှောက်ကာစကလို
မပူးကပ်တော့။ တစ်ဖြေးဖြေး လှမ်းလာသည်။ ရှေ့မှ ဦးဇင်း ကိုမျိုးက လမ်းလျှောက် ပိုသွက်
လာသကဲ့သို့ပင်။ တောလမ်း ကွေ့လေး အကျော် ရောက်လျှင် ဦးဇင်းကိုမျိုး လစ်ကနဲ ပြေးသွားသည်ကို မြင်လိုက်ရသည်။ နောက်မှ ကုလားကြီးတော့ ငိုက်စိုက် ငိုက်စိုက် ဖြင့်
လျှောက်နေဆဲပင် တော်တော်ပင် ပြတ်ကျန်ခဲ့သေးသည်။ ဦးဇင်းကိုမျိုး တစ်ခုခု နောက်တော့မည်ကို ကြို တွက်ဆမိသည်။ ထင်သည့်အတိုင်း အရှေ့ ရောက်နေမည် ထင်သော ဦးဇင်း အသစ်စက်စက်က အနောက်ဘက်မှ ဝေးကနဲ ခြောက်လှန့်လေသည်။
နဂိုက ထင်နေသောကြောင့် သိပ်တော့ မလန့် ။ ဦးဇင်းကိုမျိုး က ဒါကို သိပ်သဘောမတွေ့ချင်
သည့်ပုံပင် ။ကျွန်တော့်ကို တောထဲ ၀င်ပုန်းရန် ဟြေသည်။ ကျွန်တော်လဲ မငြင်းမိ။ သူပုန်းနေသော အနောက်မှ တိတ်တစ်ဆိတ် ငြိမ်နေလိုက်သည်။ ၅မိနစ်လောက်ကြာမှသာ
ကိုရွှေကုလားကြီးက တုတ်လေး တစ်ရမ်းရမ်းဖြင့် အေးအေးလူလူ ဖြတ်လျှောက်သွားလေသည်။ သူ့စိတ်အထင် ကျွန်တော်တို့ ရှေ့တော်တော် လှမ်းလှမ်း
ရောက်နေလောက်ပြီ ထင်လိမ့်မည်။ ဦးဇင်းလေး ကိုမျိုး ကလဲ ပထမ တစ်ခါ ကျွန်တော့်ကို
စ တုန်းက မလန့် သည့်အတွက် ဒီတစ်ခါတော့ ပိုပြီး ပိရိအောင် ခြေသံကိုပါ ထိန်းလျှောက်ပြီး
ကုလားကြီးနောက်မှ ကပ်လိုက် သွားလေသည်။ ဒီတစ်ခါတော့ တော်တော်လေးကို သေသေသပ်သပ်
ဖြစ်အောင် ခြောက်လှန့်လေသည်။ကျွန်တော့်တုန်းကကဲ့သို့ ဝေးကနဲ အော်ပြီးမလှန့် ခြေထောက်ကို လက်ဖြင့်
ညှစ်ကာ ခွီးကနဲ အသံပင် ထည့်လိုက်သေးသည်။ ထိလဲ ထိရောက်ပါသည်။ ကုလားကြီးလဲ နောက်ဘက်သို့
ချာကနဲ လှည့်ပြီး လက်ထဲမှ ကိုင်ထားသော တုတ်ဖြင့် အားရပါးရပင် တစ်ရွှမ်းရွှမ်း မည်အောင် ဆော်ပလော်
လှည့်တီးပေတော့သည်။ သူ့အထင် တောထဲမှ အကောင်လာကိုက်သည်ဟု ထင်လိုက်သည်လားမသိ။ လေးငါးချက်ခန့် အပီတွယ်ပြီးမှ ငါ ဦးဇင်းပါဟ ငါဦးဇင်းပါဟ ဟု တစ်တွတ်တွတ် အော်လဲအော် ရိုက်ချက်များကို
တရုတ်သိုင်းသမား ကဲ့သို့ ခြေကားယား လက်ကားယား ကာကွယ်နေသော ဦးဇင်းကိုမျိုးအား " ဟာ ကိုမျိုးကလဲဗျာ ဘာလုပ်တာလဲဗျာ ကန်တော့ ဗျာ ကန်တော့ " ကပေါက်တိ ကပေါက်ချာ ဟန့်သလိုလို
တောင်းပန်သလိုလို ဖြစ်သွား၏။ ကျွန်တော်လဲ ရုတ်တစ်ရတ်မို့ တားချိန်မရ ။ ဦးဇင်းလေးလဲ အစသန်မိသော
သူ့အပြစ်နှင့် သူမို့ အခြေအနေ အားလုံး ပုံမှန်ပြန်ဖြစ်သွားသောအခါ ပြုံးဖြီးဖြီး ဖြင့် "ခွီး ထဲမှပဲ ငါ့ကို ဘယ်အချိန်
ကတည်းက ဆော်ချင်နေမှန်းမသိဘူး တွယ်ချက်က လက်ကုန်ပဲ " ဟုသာ ရေရွတ်နိုင်တော့သည်။
ခရီးကလဲ ဘယ်လောက်ရောက်မှန်းမသိ ရှေ့နည်းနည်း ဆက်လျှောက်မိသောအခါ လမ်းခွဲလေး တစ်ခုတွေ့လေသည်။ ညာဘက်လမ်းခွဲက ရွံ့ တွေ ဗွက်တွေ ထနေသည်။ ဘယ်ဘက် လမ်းခွဲလေးက လာခဲ့စဉ်
ကအတိုင်း ဖြူးနေ၏။ အရှေ့တွင်လဲ တောင်ယာတဲလေး တစ်တဲတွေ့ရသည်။ ဘယ်ဘက်လမ်းခွဲကိုသာ ရွေးလိုက်ကြသည်။ လမ်းမှားတော့လဲ နောက်ပြန်လှည့်ယုံသာပင်။ ဘယ်လိုပင် သွားသွား ဘုရားသို့ ရောက်သည်မဟုတ်ပါလား။တောင်ယာတဲလေးမှာ မည်သူမျှ မရှိ။ စိုက်ခင်းကလဲ ဘာမှမရှိ။ ဆက်လျှောက်လိုက်ကြသည်။ လမ်းကလေးက တောင်ကုန်းလေး တစ်ခုအပေါ် တောင်တက်သွားလေသည်။
အရှေ့မှ လျှောက်သူကလဲ လျှောက်နေသောကြောင့် နောက်က လိုက်နေယုံသာ။ တောင်ကုန်းထိပ်လေး ရောက်သောအခါ တစ်ဖက် တောင်ကုန်းထိပ်တွင် ဘုရားကို လှမ်းဖူးရသည်။ ဘုရား အနီးက အဆောက်အဦး ပင် မြင်ရလေသည်။ ရွေးချယ်လိုက်သောလမ်းက မှန်သလိုလိုပင်။ ခက်သည်က လမ်းက တစ်ဖြေးဖြေး ကောလာသည်။ ဘုရားကိုလဲ လှမ်းမြင်နေရသောကြောင့် လမ်းကလဲ မှားစရာမရှိ ။ဆက်ပြီးလျှောက်ဖို့သာ။သိပ်ရှည်ရှည် ဝေးဝေးလဲ တွေးစရာမလိုတော့ ။ဖူးဖို့ လာသည့် ဘုရားပင် လှမ်းမြင်နေရပြီပဲ။လျှောက်ရင်းဖြင့် လမ်းလုံးဝ မပေါ်တော့ အပင်တွေကြားထဲ တိုးဝင်နေရသလိုပင် ။ " လမ်းမှ ဟုတ်သေးရဲ့လားဗျ တော်ကြာ ဘုရားနဲ့ ဆန့်ကျင်ဘက် လမ်းကို သွားမိနေပါဦးမယ်