" လမ်းမှ ဟုတ်သေးရဲ့လားဗျ တော်ကြာ ဘုရားနဲ့ ဆန့်ကျင်ဘက်ကို သွားမိနေပါဦးမယ် " ကျွန်တော် မနေသာတော့ ထုတ်မေးရတော့သည်။ " လမ်းမရှိတော့လဲ တည့်တည့်သွားမယ်လေဗျာ ..ဟိုဘက်တောင်မှာ
ဘုရားကို လှမ်းဖူးလို့ရနေတာပဲ..... မပူပါနဲ့ဗျာ ရောက်မှာပါ " ကိုကုလားကြီးက စကားသံထွက်လာ၏။ လမ်းကတော့ နောက်ပြန်လှည့်ကြည့်လဲ လာခဲ့သောလမ်းကို မမှတ်မိကြတော့။ ရှေ့ဆက်ဖို့သာ ကျန်တော့သည်။ဘုရားတည့်တည့်ကို မှန်းဆပြီး တောင်ကုန်းအတိုင်း သစ်ပင်များအကြား တိုးဝှေ့ ဆင်းလိုက်သည်။
ဝါးရုံတော့ တစ်ခုအနီးသို့ မရောက်မှီ ရှဲကနဲ အသံနှင့်အတူ လက်မောင်းလုံးခန့် ရှိသော မြွေ မဲမဲ တစ်ကောင် ရှောင်ပြေးသွားခြင်းကို မြင်ဖြင့်အောင် မြင်လိုက်သေးသည်။ စိတ်ထားမှာတော့ ယားကျိကျိ ပင် ဖြစ်သွားသည်။
တော်သေးသည် ရှောင်သွားပေလို့သာပင် မရှောင်ပဲ စိတ်ကြီးဝင်နေသော အကောင်သာဆို ဘာတွေဆက်ဖြစ်မည်လဲ မတွေးရဲတော့ ။ တောင်အောက်သို့ရောက်သောအခါ အမောစို့တော့သည်။
ရှေ့တွင် တစ်ဘက်တောင်သို့ တက်ဖို့လုံးဝ မဖြစ်နိုင်။ ကမ္ဘားကြီးက မြင့်လဲမြင့်သည် ။မတ်လဲမတ်ဆောက်နေသည်။ အောက်ခြေတွင် စမ်းအိုင်လေး တစ်ခုရှိလေသည်။ စမ်းရေမှာ အေးလို့ စိမ့်လို့ပင်။ ရှည်ရှည်ဝေးဝေး တွေးမနေတော့ မောလာသမျှ စမ်းရေကို တစ်ဝကြီးငုံ့သောက်ကာ သုံးယောက်သား ခြေပစ်လက်ပစ် စကားလဲ မဟနိုင်တော့ ။ အမောပြေလောက်မှ စမ်းရေကို ထပ်သောက်ရန်
အကြည့် " အားပါးပါး ကိုကုလားကြီး ကြည့်စမ်းပါဦးဗျ ပုစွန်ထုတ် ကြီး နည်းတာမဟုတ်ဘူး .... လာဗျာ .... ဖမ်းကြည့်ရအောင်.." ဦးဇင်း ကိုမျိုး ကတော့ ခပ်လှမ်းလှမ်း တွင် ထိုင်လျှက် ဘာတစ်ခွန်း မှ ၀င်မဟြေတော့ ။ လမ်းမှန်ကို တွက်ဆနေဟန် တူသည်။ ပုစွန်က အကောင်သာကြီးသည် လျှင်သည် ဖမ်းလို့မရ ။ နှစ်ယောက်သား
ဖမ်းမရမှန်း တွက်ဆမိမှ ကမ်းပေါ်ပြန်တက် အနားယူ ရသည်။ နားနေစဉ် အတွေး တစ်ခုက လှစ်ကနဲ ခေါင်းထဲ
ဝင်လာ၏ ။ ပုစွန်တောင် ဒီလောက်ကြီးမှတော့ ဒီအနား လူသူလေးပါး လာကော လာကြရဲ့လား။ ဆက်မတွေးတော့ ။ ကျန်သော အဖော်၂ယောက်ကို မသိမသာ ကြည့်လိုက်တော့ သူတို့လဲ ထိုသို့ တွေးနေပုံပင်။ ရွှင်ပြသော အမူအယာများ ပျောက်ကာ အသံတိတ်နေကြ၏ ။ " ကဲ ဆက်ကြဦးစို့ ကိုကုလားကြီးရေ ကျွန်တော်တို့က နေမွန်းလွဲမှ ရောက်လဲ ကိစ္စ မရှိဘူး ဦးဇင်း ကိုမျိုး ဆွမ်းစား ဖို့က အချိန် မှီဖို့ လိုတယ်ဗျ အမောလဲ ပြေပြီမဟုတ်လား " ကျွန်တော်ကပင် တိုက်တွန်းရင်း လမ်းပြန်ရှာဖို့ ထရပ်လိုက်သည်။
သုံးယောက်သား စကားလဲ မဟြေဖြစ်တော့ ။ စိုးရိမ်စိတ်က ဘယ်က ဘယ်လို ၀င်လာမှန်းမသိ ။ အဖော်များ မရိပ်မိအောင် မျက်နှာကို အတည်ငြိမ်ဆုံး ထားနေရသည်။ သူတို့လဲ မျက်နှာ သိပ်မကောင်းကြ ။
“ ဖြတ်မျဉ်းများ “
12 years ago