နွားလဘို့သွား တောလား ( အဆုံးသတ်)

" ဘုရားက နောက်ထပ် နာရီဝက် နီးနီးလောက်လျှောက်ရမယ်ဝေ့..." တဲအတွင်းမှ အမယ်အိုကလဲ လှမ်းဟြေသည်။
" လက်ဖက် တော့ရှိတယ်သားတို့ရေ လက်ဖက်လေးပါ ဆွမ်းကပ်လိုက်ပေါ့ " " ဟုတ်ကဲ့ အဖွား အဆင်ပြေသလိုသာ လုပ်ပေးပါတော့ ဗျာ ကျွန်တော်တို့ကော စားဖို့ ထမင်းလောက်မလား အဖွား " " လောက်မှာပါ သုံးယောက်စာလောက်တော့ လောက်မယ်ထင်တယ် " ဦးဇင်း ကိုမျိုး အား ဆွမ်း အရင်ကပ် ရသည်။
ပြီးလျှင် ကျွန်တော်တို့လဲ စားသည်။ ထမင်းစားပြီးသောအခါ ခနနားရင်း စကားစမည်ဟြေကြသည်။ " ကျွန်တော်တို့တော့ အရှေ့က တက်သွားတဲ့ အဖွဲကို အရမ်းကျေးဇူးတင်တာပဲ အဘ ရာ .... ကျွန်တော်တို့ လမ်းပျောက်နေတာ ဟိုနားလေးက တောင်ယာတဲ ဘက်ကို လမ်းမှားပြီး သွားမိတာ အဲတောင်ပေါ်မှာ တစ်ဝဲလည်လည် ဖြစ်နေတာလေ " "ဟေ.... ဒီနေ့ အတွက်တော့ မင်းတို့က ပထမဆုံး ဘုရားသွားတဲ့ သူတွေပဲ ကွ.... မင်းတို့ အရှေ့မှာ ဘယ်အဖွဲ့မှ မတက်သေးပါဘူး .." " ဟုတ်လို့လား အဘရယ် ကျွန်တော်တို့ သုံးယောက်စလုံး ကြားတာပါ.... သူတို့ အသံ ပြန်ပေးလို့ လမ်းမှန်ပြန်တွေ့တာ အဘရဲ့" " ငါ တစ်မနက်လုံး
ဒီနေရာမှာပဲ ထိုင်နေတာ ပါကွာ " ကျွန်တော်တို့ ဆက်မဟြေတော့....။ အတွေး ကိုယ်စီဖြင့်သာ နှုတ်ဆက် ပိုက်ဆံရှင်းပေးရင်း ဘုရား ဆက်တက်လိုက်ကြသည်။ နာရီဝက် ၀န်းကျင်လောက်တွင် ဘုရား ပေါ်သို့ ရောက်ကြ၏။ ကျိုက်ထီးရိုး ဘုရား ကဲ့သို့ပင် ကျောက်တုံး ပေါ်မှာ စေတီ တည်ထားခြင်းပင်။ ကျောက်တုံးက
သုံးလုံးဆင့်ထားခြင်း ဖြစ်သည် ။ အကြီးအသေး အရွယ်မညီသော ထူးထူးခြားခြား ပုံစံ စေတီဖြစ်သောကြောင့် လူအများ တစ်ကူးတစ်က လာဖူးကြခြင်း ဖြစ်သည်။ ဘုရား အနီးတွင် ဇော်ဂျီဆေးကျိတ်သောနေရာ နတ်သမီး ရေတွင်း စသဖြင့် အထိမ်းအမှတ် နေရာလေးများလည်း ရှိသည်။ ထိုနေရာမှ ကြည့်လျှင် ရှု့ခင်းမှာ အတော်ပင်
လှသည်။ ကုလားမတောင်ကြော ကြီးကို မြင့်ရာမှ နိမ့်ရာ နိမ့်ရာသို့ ပင်လယ်အထိ ပြေဆင်းသွားသလိုပင် ။ ပန်းချီ ကားတစ်ချပ် ကြည့်နေရသလိုပင်။ မျက်စိ ပသာဒ ရှိလှပေသည်။ ပင်ပန်းသမျှ သည်လည်း ဘုရားဖူးသော အခါနှင့် တောတောင် ရှု့ခင်း ကြည့်သော အခါတွင် အမောပြေရပေသည် ။ ပင်ပန်းရကျိုး နပ်ရသည်ဟုပင် ဆိုရမလိုပင်။ဘုရားပေါ်တွင် တစ်နာရီခန့် လှည့်ပတ် ကြည့်ရှု့ပြီးနောက် ပြန်ဖြစ်ခဲ့သည်။ အပြန်ခရီးတွင် ကားဖြင့်သာ ဆင်းကြတော့မည်။ ကားဖြင့် ဆင်းပါက ကျိုက်ထီးရိုး စေတီကို အဝေးမှ လှမ်းဖူးလို့ ရသတဲ့လေ။
ကျွန်တော်ကတော့ သူများထက် နဲနဲ ပိုလိုက်ရမှ ကျေနပ်တဲ့ သူကိုး..။ကားခေါင်မိုးပေါ်က ၀က်ခြံ ပေါ်တွင် တက်ပြီး နေရာ အကျအန ယူလိုက်သည်။ စိတ်ထဲတွင်တော့ ကျိုက်ထီးရိုး ဘုရားလဲ အဝေး ကဖူးမည်။ တောတောင်ရှု့ခင်းလဲ အပေါ်စီးက ကြည့်မည်ပေါ့။ ကား စထွက်တော့ တွက်ကိန်းမှားလေတော့သည်။ တောင်အောက်သို့ အဆင်းလမ်း ဖြစ်သောကြောင့် မက်စောက်သော လမ်းတွင် ကားဘရိတ်သံ တစ်ရှုးရှုး ဖြင့်
အောက်သို့ မလွင့်သွားစေရန် လက်ကို မြဲမြဲ ကိုင်ရင်း ကားခေါင်မိုးကို စေ့စေ့ကြည့်ရင်း တောင်ခြေသို့ ရောက်ခဲ့ရပါတော့သည်။

စာကြွင်း။ ။ တောရိပ် တောင်ရိပ် နှင့် နီးစပ်သူများအတွက် မဟြေပလောက်သော အတွေ့အကြုံလေးကို အမြဲ
အမှတ်တစ်ရ ဖြစ်နေတတ်သော ကျွန်တော် အခု ကန္တာရ အလယ်တွင် တော်ရိပ်တောင်ရိပ် ကို ပိုမို
တမ်းတ မိလာသောကြောင့် ရေးဖြစ်ခဲ့ခြင်းရယ်ပါ။

0 comments: