ကျွန်တော် နေ့တိုင်းမှန်မကြည့်ဖြစ်ပါဘူး ငယ်ငယ်တုန်းက လူပျိုပေါက်ဖြစ်ကာစ ကတော့ နေ့တိုင်းမှန်ကြည့်ခဲ့တာပေါ့လေ အခု မှန်ကြည့်ဖို့ ကိုယ့်ကိုယ်ကို တိုက်တွန်းနေရတော့မှပဲ ကိုယ့်ကိုယ်ကို ပြန်ပြီး မြင်လာရတယ် ကိုယ်လိုချင်တာဘာလဲ ကိုယ်ဖြစ်ချင်တာဘာလဲ ဆိုတာကိုပေါ့ ဒီလိုဆိုတော့လဲ ကိုယ်ဘာလို့
ကျောက်ရုပ်လို ငြိမ်နေမိသွားတာလဲဆိုတာကိုရော ပြန်မြင်လိုက်ရသလိုပါပဲ မိတ်ဆွေကော ကျွန်တော့်  ရဲ့ ကိုယ့်ကိုယ်ကို ထင်တဲ့အထင် မှန်နေပြီလို့ ထင်ရဲ့လား ကျွန်တော်တော့ မှန်မမှန် စမ်းသပ်ကြည့်လိုက်ဦးမယ်ဗျာ
ကျွန်တော် အွန်လိုင်းပေါ်မှာ စာလေးတွေ ပြန်ရေးတော့မယ်ဆိုတာရဲ့ နိဒါန်းလေးပေါ့ဗျာ အ ဟက် ဟက် ရီဖို့တော့အကောင်းသားပဲ ဘယ်သူမှ လာမဖတ်မယ့် စာကို သေချာရှင်းပြနေရတာ တစ်ခါတစ်လေလဲ ဒီလိုလေး လေးနက်ချင်ပါတယ် ဆက်မယ်ဗျာ ၀တ္ထုလား ဆောင်းပါလား ဘာမှန်းသေချာမသိတဲ့ ကျွန်တော်ရေးမယ့်စာလေးတွေကို သေချာတာတော့ ကဗျာ မဟုတ်ဘူး သီချင်းမဟုတ်ဘူး ကျွန်တော်အဲလောက်
တော်တဲ့သူမဟုတ်သေးဘူး အဲလိုရေးနိုင်အောင် စကြိုးစားမယ့်သူ အားပေးလိုက်ပါဦး .............
“ ဖြတ်မျဉ်းများ “
12 years ago