ရူးရူးမိုက်မိုက် ချစ်မယ်

ရင့်ရော်ပြီး ဒဏ်ချက်ပြည့်တဲ့အသည်း
ရေထိပန်းလို ပြန်လန်းနေချင်ရဲ့.......။
တစ်စက္ကန့်လောက်ပါပဲ
စာသား ရွရွ လေးတွေနဲ့ပေါ့.......။

နွေးသလိုလို အေးသလိုလို
ရှစ်နှစ်လောက် ပြန်ငယ်သွားသတဲ့.....။

အသည်းအက်ကြောင်းကတော့
တံခါးခေါက် သတိပေးနေတယ်......။

ညဉ့်က သန်းခေါင်ထက် မနက်ပေမယ့်
ငရဲတွင်းထဲ နှစ်ခါ ခုန်မယ့် လူမိုက်
ပုရပိုဒ်တွေထဲတောင် မတွေ့မိဘူး......။

မူးသွားတာလား ရူးချင်တာလား
အက်ကြောင်းထဲက အော်သံ
မကြားချင်ယောင်တော့ ဆောင်နေတုန်း.....။

ကြေမွနေတဲ့အသည်း
ပြန်သီနေတာတော့ မဟုတ်ပါဘူး
ဒါပေမယ့်...
ခပ်တိုးတိုး ညည်းဖြစ်နေတာတော့
ထီးဆိုင် ရဲ့ " အချစ်ဆိုတဲ့ အရသာ".......။

ချိုမြိန်ခြင်းကို တပ်မက်မိတဲ့ ဆန္ဒ.....
ပျိုမြစ်ခြင်းကို တောင့်တမိတဲ့ အာသီသ.....
ပန်းတစ်ပွင့် နူးညံ့မှု့
ခူးဆွတ် သိချင်ခဲ့တဲ့ တခဏ......
ကြုံသမျှ ထပ်တူမကျနိုင်တဲ့ လောက
ဘ၀ ဘ၀ လို့ အော်ဟစ်ဖူးတဲ့ ငါ့ရင်ဘတ်
ဒဏ်ရာဟောင်း က
ခဏ ခဏ
နှိုးဆွ တောင့်တ နေလေရဲ့
ထီးဆိုင် ရဲ့ " အချစ်ဆိုတဲ့ အရသာ"........။

1 comments:

Unknown August 10, 2010 3:09 PM  

ရင့်ရော ဒဏ်ချက်ပြည့်နေတဲ့ အသည်းးးး
ရေထိပန်းလို လန်းဆန်းစေစစစစစစစစစစစစစစ
ဥုံ.........ဥုံ....
မန်းးပေးတာ အဟိ
ပျော်ရွှင်ပါစေနော်။