တစ်ခါတုန်းကများဆိုရင်ဖြင့် အာဖရိကသား တစ်ယောက် လက်ဆွဲနှုတ်ဆက်ရင်း ငါးမိနစ်လောက် လက်ကို
ပြန်မလွှတ်ပဲ လေကြောရှည်နေလို့ စိတ်ထဲတော်တော်လေး ကသိကအောက် ဖြစ်မိခဲ့သေးတာပေါ့..။
ဒီလိုလေး ညနေတိုင်း ပုံမှန် ဖြတ်သန်းနေရင်းနဲ့ တစ်ပတ်လောက်လဲကြာကော တစ်ဆင့်တိုးလာပါတော့တယ်။
ဖြစ်ပုံက မနက်စောစော အလုပ်ဝင်ရမယ့် နေရာသွားတုန်း လမ်းခုလတ်မှာ တူရကီသား အသက်ကြီးကြီးနဲ့
ဆုံကြတယ်လေ..။အပြန်အလှန် နှုတ်ဆက်ရင်း လက်ဆွဲနှုတ်ဆက်ယုံတင်မကတော့ပဲ ယောင်္ကျား အချင်းချင်း
အတင်းပွေ့ဖက် ပြီး ရင်ဘတ်ကို ရုတ်တစ်ရတ် လာကိုင်ပါလေကော..။ချက်ချင်းသဘောပေါက်ပြီး ဒေါသလဲဖြစ်
ရင်ဘတ်ကိုဆောင့်တွန်းလိုက်ရတာ ရန်မဖြစ်ယုံ တမယ်ပါပဲ..။တစ်နေကုန် တစ်နုံ့နုံ့နဲ့ ဒေါသတွေဖြစ်.... ညနေဘက်ကျတော့ အတူလာတဲ့သူကိုဟြေပြတော့ သူ့ကိုလဲ သူတို့ ကားဒရိုင်ဘာက တင်ပါးလာညှစ်တဲ့အတွက်
ထိုးကြကျိတ်ကြ အထိ ဖြစ်လာခဲ့တယ်ဆိုပဲ..။ဒီတော့မှပဲ ကျွန်တော်တို့ကို အခြောက်လို့ထင်ပြီး ရောနှောဆက်ဆံကြတယ်ဆိုတာ သိလိုက်ရတော့တယ်လေ ။သူတို့တွေရဲ့ အမြင်မှာ ဖိလစ်ပိုင် လူမျိုး အတော်များများက အခြောက်ဖြစ်နေကြတော့ ဖိလစ်ပိုင်တွေနဲ့ မျက်နှာပေါက် ဆင်တဲ့ ကျွန်တော်တို့ကိုလဲ
ဒီလို ထင်မှတ်ကြတယ်ထင်ပါတယ်..။လူကောင်းသူကောင်းတွေ ရှိသလို မိန်းမဆို မူးလို့ ရှုစရာမရှိတဲ့
ရပ်ဝန်းမှာ စုရုံး အလုပ်လာလုပ်ကြတော့ အကျင့် မကောင်းတဲ့သူတွေက အဖြူထဲက အမဲစက်လို ကွင်းကွင်း
ကွက်ကွက် ထင်ရှားသလိုပဲပေါ့ဗျာ..။ဘာပဲဟြေဟြေ ကိုယ့်ရပ်ရွာက မထွက်လာခင် ယောင်္ကျားလေးဆိုတာ
ထောင်အပြင်တန်းမရှိဘူး.... ဒေါင်ကျကျ ပြားကျကျ ယောင်္ကျားက ယောင်္ကျားပါပဲလို့ ကြွေးကြော်ခဲ့တာတွေ
ခနအသာထား မာနကြီးကြီး မိန်းမ တစ်ယောက်ရဲ့ ရှစ်ခေါက်ချိုး မျက်နှာကို အတင်း ဟန်လုပ်လို့
တည်တည်တန့်တန့်လေး နေဖြစ်သွားတာ အခုထိတိုင်ပဲ ဆိုပါတော့ဗျား....။မတော်လို့ တစ်ခုခုများဖြစ်သွား
ခဲ့သော်......... ဘယ်တိုင်လို့ တိုင်ရမှန်းမသိ.....မတွေးဝင့်စရာ.... ရေခြားမြေခြားက သင်္ခန်းစာလေး တစ်ခု
ပါပဲဗျာ.......။
“ ဖြတ်မျဉ်းများ “
12 years ago
0 comments:
Post a Comment