သယ်ဂျင်းရယ်

ခင်မင်မှု့ ဆိုတာဘာလဲ
ဝီစကီတစ်ခွက်နဲ့  ခပ်ပေါ့ပေါ့အရောင်တင်ပစ္စည်းလား...။
အတ္တနဲ့  ထုဆစ်ပြီး
ဝုန်းဒိုင်းကျဲနေတဲ့ နိုက်ကလပ်ထဲက ရမ္မက်မျက်လုံးနဲ့ လား...။
မငြင်းပါဘူး
အရာရာမှာ အသပြာက စံမှီနေပါတယ်
မတတ်နိုင်လို့ ပါ ငါ့ကောင်ရယ်ဆိုပြီး
ခပ်ထေ့တေ့လေး မရိလိုက်ပါနဲ့ ...။
အရောင်မွဲမွဲမာန ပိုပြင်းရှတယ်ဆိုတဲ့စကား
မွမွလေးပြုံးပြီး လှောင်ဦးမလား....။
ရေမရောတဲ့ ၀ီစကီတစ်ခွက်ထက်
ခပ်နှိမ်နှိမ်ကြည့်တဲ့ မင်းမျက်လုံးအရောင်က
ငါ့ရင်ကို ပို လောင်ကျွမ်းဘူးတယ်...။
မမေ့တတ်ပါဘူး
တံဆိပ်အမျိုးမျိုး တပ်ပြီး
မင်းပေးဆပ်ဘူးတဲ့ သာယာမှု့ တွေကို...။
ဒါပေမယ့်
အဖြူရောင်မြတ်နိုးပြီး
အဖြူရောင်ဘဲ ထုတ်လုပ်တတ်တဲ့
ငါ့နှလုံးသား စက်ရုံက
ရောင်စုံတံဆိပ်တပ် ပစ္စည်း
မမျှော်လင့်ပါနဲ့  သူငယ်ချင်း....။

မျက်လုံးစိမ်းစိမ်းနဲ့ ခပ်ပိန်ပိန် သူငယ်ချင်းဆီသို့ 