ပင့်သက်

ည တိတ်ဆိတ်မှောင်မိုက်နေတဲ့ည
လွမ်းစရာ ကောင်းရဲ့ လား
ဖြစ်တည်ပြီးတာတွေက မက်လောက်စရာမရှိ
တွေဝေခြင်းက အနိုင်ယူနေပြီလား
ငါ့ကိုယ်ငါတော့ သတ္တိရှိတယ် ထင်နေတုန်း
ကိုယ်တိုင် သွေးပျက်ဖူးတာအသိ
ကြောက်စိတ်က မာယာများနေတယ်
တုန်လှုပ်မှု့ က ထိုးနှုက်
လိုချင်ဆန္ဒ တပ်မက်မှု့ တွေ
ငါ့ဦးနှောက်ကို မီးလောင်တိုက်သွင်းနေတယ်....။
ဆန္ဒဆိုးတွေ ဝေးဝေးရှောင်လို့ 
ရိုးရိုးရှင်းရှင်း အဆုံးသတ်ချင်တယ်......။
ဂုဏ်သိမ်တွေလည်း မမက်ခဲ့ပါဘူး
ကြုံသမျှလူ ကယ်တင်နိုင်မယ့်
စူပါဟီးရိုးလည်း မဖြစ်ချင်ပါဘူး......။
တကယ်သေးသေးလေးရယ်ပါ
မနက်ဖြန်ကို တွေးမကြောက်မိအောင် ကြိုးစားနေတယ်
တတ်နိုင်သလောက် ကြင်နာမယ်
နားလည်တတ်သူရဲ့  နွေးထွေးမှု့ လေးကိုတော့
ကြည်နူးဝမ်းသာမှု နဲ့  ခံယူမိနေတုန်းဘဲ......။


သက်ပိုင်

0 comments: