ရေပွက်တမ်းချင်း

စိတ်ကူးနုနု စာမစီတတ်တဲ့
ရင်ခုန်သံစည်းချက် မမှန်ခင်ကတည်းက
သူ့ ကကြိုးတွေနဲ့  ကြီးပြင်းခဲ့ရတယ်။
ပျံသန်းဘို့ အားယူတဲ့ အတောင်တစ်စုံကလည်း
သူဖန်ဆင်းပြတဲ့ နန်းတော်လေးတွေကြောင့်
ကြွရွပေါ့ပါးခဲ့ရတာပေါ့...။
မနေ့ တစ်နေ့ ကလိုပါဘဲ
သူကွယ်လွန်သွားသတဲ့
ကာရန်တွေ မချစ်တတ်တဲ့ သူတွေကြားမှာ
တိတ်တဆိတ် ဂုဏ်ပြု ကြေကွဲခဲ့ရပါတယ်...။
သူကတော့
"ပလုံ" ပြီးလို့  ၀ဲဂယက်လေးတွေ ငြိမ်ပြီပေါ့
သူဆိုညည်းခဲ့သလိုပါဘဲ။
တစ်ခါတစ်ရံ အိမ်မက်က နိုးထဖြစ်ရင်
ရင်ဘတ်ထဲ နှိုက်စမ်းကြည့်တယ်
သူဆိုညည်းခဲ့သလိုပါဘဲ
"ပလုံ" ဘဲပေါ့......။

တာရာမင်းဝေ သို့  သတိတရ