နှင်းပျိုးပြီးနောက်

အိမ်မက်ဖူးတယ်
နွေမပါဘူး လေမထန်ဘူး
အရောင်တောက်တောက်
အာရုံမနောက်စရာတွေနဲ့ ပေါ့....။

နှင်းဖွဲဖွဲလေး
တစိမ့်စိမ့် အေးတဲ့အချိန်မှာ
သာယာတဲ့ကိုင်းထက်
တောင်ပံတဖြတ်ဖြတ် ခတ်လျှက်ပေါ့....။

ရင်ခုန်ခဲ့ပါတယ်
စိုက်ပျိုးချင်တာတွေအတွက်
တောက်ပတာမပါတဲ့
ကျွန်တော့် သံစဉ်ဟောင်းကို
အလွမ်းသီချင်းနဲ့ တော့ မမှားစေချင်ဘူး....။

အခု
နေညိုရင် သီဆိုမယ့်
ကျွန်တော့်သံစဉ်ထဲမှာ
နှင်းဆီသွေးကြွ
နှုတ်ခမ်းလှလှတွေ ကြွေလွင့်ပြီ
အရောင်လွင့်လွင့်
အိမ်မက်မြစ်တွေ ချောက်ခမ်းပြီ
ဒီနွေအလှနဲ့ 
ခပ်ကြမ်းကြမ်း လေပြင်းကြားမှာ
မျောလွင့်ဆဲ.....မျောလွင့်ဆဲ.....။

သက်ပိုင်

0 comments: