အလွဲလေးများ ၂

တစ်ခါတုန်းကများဆိုရင်ဖြင့် အာဖရိကသား တစ်ယောက် လက်ဆွဲနှုတ်ဆက်ရင်း ငါးမိနစ်လောက် လက်ကို
ပြန်မလွှတ်ပဲ လေကြောရှည်နေလို့ စိတ်ထဲတော်တော်လေး ကသိကအောက် ဖြစ်မိခဲ့သေးတာပေါ့..။
ဒီလိုလေး ညနေတိုင်း ပုံမှန် ဖြတ်သန်းနေရင်းနဲ့ တစ်ပတ်လောက်လဲကြာကော တစ်ဆင့်တိုးလာပါတော့တယ်။
ဖြစ်ပုံက မနက်စောစော အလုပ်ဝင်ရမယ့် နေရာသွားတုန်း လမ်းခုလတ်မှာ တူရကီသား အသက်ကြီးကြီးနဲ့
ဆုံကြတယ်လေ..။အပြန်အလှန် နှုတ်ဆက်ရင်း လက်ဆွဲနှုတ်ဆက်ယုံတင်မကတော့ပဲ ယောင်္ကျား အချင်းချင်း
အတင်းပွေ့ဖက် ပြီး ရင်ဘတ်ကို ရုတ်တစ်ရတ် လာကိုင်ပါလေကော..။ချက်ချင်းသဘောပေါက်ပြီး ဒေါသလဲဖြစ်
ရင်ဘတ်ကိုဆောင့်တွန်းလိုက်ရတာ ရန်မဖြစ်ယုံ တမယ်ပါပဲ..။တစ်နေကုန် တစ်နုံ့နုံ့နဲ့ ဒေါသတွေဖြစ်.... ညနေဘက်ကျတော့ အတူလာတဲ့သူကိုဟြေပြတော့ သူ့ကိုလဲ သူတို့ ကားဒရိုင်ဘာက တင်ပါးလာညှစ်တဲ့အတွက်
ထိုးကြကျိတ်ကြ အထိ ဖြစ်လာခဲ့တယ်ဆိုပဲ..။ဒီတော့မှပဲ ကျွန်တော်တို့ကို အခြောက်လို့ထင်ပြီး ရောနှောဆက်ဆံကြတယ်ဆိုတာ သိလိုက်ရတော့တယ်လေ ။သူတို့တွေရဲ့ အမြင်မှာ ဖိလစ်ပိုင် လူမျိုး အတော်များများက အခြောက်ဖြစ်နေကြတော့ ဖိလစ်ပိုင်တွေနဲ့ မျက်နှာပေါက် ဆင်တဲ့ ကျွန်တော်တို့ကိုလဲ
ဒီလို ထင်မှတ်ကြတယ်ထင်ပါတယ်..။လူကောင်းသူကောင်းတွေ ရှိသလို မိန်းမဆို မူးလို့ ရှုစရာမရှိတဲ့
ရပ်ဝန်းမှာ စုရုံး အလုပ်လာလုပ်ကြတော့ အကျင့် မကောင်းတဲ့သူတွေက အဖြူထဲက အမဲစက်လို ကွင်းကွင်း
ကွက်ကွက် ထင်ရှားသလိုပဲပေါ့ဗျာ..။ဘာပဲဟြေဟြေ ကိုယ့်ရပ်ရွာက မထွက်လာခင် ယောင်္ကျားလေးဆိုတာ
ထောင်အပြင်တန်းမရှိဘူး.... ဒေါင်ကျကျ ပြားကျကျ ယောင်္ကျားက ယောင်္ကျားပါပဲလို့ ကြွေးကြော်ခဲ့တာတွေ
ခနအသာထား မာနကြီးကြီး မိန်းမ တစ်ယောက်ရဲ့ ရှစ်ခေါက်ချိုး မျက်နှာကို အတင်း ဟန်လုပ်လို့
တည်တည်တန့်တန့်လေး နေဖြစ်သွားတာ အခုထိတိုင်ပဲ ဆိုပါတော့ဗျား....။မတော်လို့ တစ်ခုခုများဖြစ်သွား
ခဲ့သော်......... ဘယ်တိုင်လို့ တိုင်ရမှန်းမသိ.....မတွေးဝင့်စရာ.... ရေခြားမြေခြားက သင်္ခန်းစာလေး တစ်ခု
ပါပဲဗျာ.......။

အလွဲလေးများ

ရေခြားမြေခြားကို စတင်ခြေချကာစကပေါ့...။ ကျွန်တော်တို့ အလုပ် လုပ်ရမယ့် နေရာကို ကျွန်တော်နဲ့အတူ လေယာဉ်တစ်စီးထဲ အတူလာတဲ့ မြောက်ဥက္ကလာပ က လူရယ် အတူ သွားခဲ့ကြရတယ်။ စရောက်ကာစဆိုတော့
မြင်သမျှက ကိုယ့်နေရပ်နဲ့မတူ ကွဲပြားတဲ့ ပုံစံတွေပေါ့ဗျာ။ ပတ်ဝန်းကျင်ကော မြင်တွေ့ဆက်ဆံရတဲ့လူတွေကော
အရာအားလုံးပါပဲ။ဒီအရပ်ဒေသ အသစ်မှာ နိုင်ငံခြားသား တစ်ယောက်အဖြစ်နေရတော့ စိတ်ထဲမှာလဲ မြောက်ကြွကြွ ဖြစ်ချင်သလိုလို သိမ်ငယ်သလိုလိုပေါ့ ...ခံစားချက်တွေကလဲ ရောထွေးလို့ပေါ့..။အရင်ရောက်နှင့်ပြီးသား ပခုက္ကူ ဇာတိက မြန်မာ သုံးယောက်ကလဲ ရိုးသားပွင့်လင်းပြီး ကူညီ
ရိုင်းပင်းတတ်တော့ အားတော့ အရှိသားပေါ့..။ညနေဘက် အလုပ်ပြီးပြီဆိုရင် လမ်းလျှောက်ရင်းစကားဟြေကြ၊
လမ်းမှာတွေ့တဲ့ တူရကီသား၊အာဖရိကသားတွေကို နှုတ်ဆက် ရောက်တတ်ရာရာလေးတွေဟြေရင်းနဲ့ အိမ်ကို
စခွဲကာစမို့ လွမ်းနာကျမိတဲ့ စိတ်တွေကို ဖြေသိမ့်ရတာပေါ့လေ..။ဒီလိုအချိန်မှာ လူမျိုးခြားတွေနဲ့ လက်ဆွဲနှုတ်ဆက်ရတာကလဲ အရသာ တစ်မျိုးပါပဲ..။ဒါမျိုးက ကိုယ်ရပ်ရွာမှာဆိုရင် ရုပ်ရှင်တွေထဲမှာ ပြီးတော့
လူကြီးလူကောင်းတွေပဲ လုပ်တတ်ကြတာမျိုး မဟုတ်လား..။ကိုယ့်ဆီကို ဟောင်းအာယူ ဘာညာနဲ့ လက်လှမ်းထိုးပေးရင်တော့ ဂျိမ်းစဘွန်း စတိုင်လိုလို ဘာလိုလိုနဲ့ အားနာပါးနာ ( စိတ်ထဲကတော့ လှိုက်လှိုက်
လှဲလှဲပေါ့ ) နဲ့ ရှိတ်ကင်းရတာပေါ့လေ..။ဒီလို နှုတ်ဆက်ကြရင်ဖြင့် လူမျိုးခြားတွေရဲ့ မျက်နှာမှာ ပြုံးတဲ့အပြုံး
ပြီးတော့ လက်ဆွဲနှုတ်ဆက်ရင်း လက်ဖ၀ါးကို လာကုတ်တတ်တဲ့ သူတစ်ချို့ရဲ့ အပြုအမူ ကြောင့် စိတ်ထဲမယ်
မသိုးမသန့် လေးတော့ ဖြစ်မိပါရဲ့..။

ရူးရူးမိုက်မိုက် ချစ်မယ်

ရင့်ရော်ပြီး ဒဏ်ချက်ပြည့်တဲ့အသည်း
ရေထိပန်းလို ပြန်လန်းနေချင်ရဲ့.......။
တစ်စက္ကန့်လောက်ပါပဲ
စာသား ရွရွ လေးတွေနဲ့ပေါ့.......။

နွေးသလိုလို အေးသလိုလို
ရှစ်နှစ်လောက် ပြန်ငယ်သွားသတဲ့.....။

အသည်းအက်ကြောင်းကတော့
တံခါးခေါက် သတိပေးနေတယ်......။

ညဉ့်က သန်းခေါင်ထက် မနက်ပေမယ့်
ငရဲတွင်းထဲ နှစ်ခါ ခုန်မယ့် လူမိုက်
ပုရပိုဒ်တွေထဲတောင် မတွေ့မိဘူး......။

မူးသွားတာလား ရူးချင်တာလား
အက်ကြောင်းထဲက အော်သံ
မကြားချင်ယောင်တော့ ဆောင်နေတုန်း.....။

ကြေမွနေတဲ့အသည်း
ပြန်သီနေတာတော့ မဟုတ်ပါဘူး
ဒါပေမယ့်...
ခပ်တိုးတိုး ညည်းဖြစ်နေတာတော့
ထီးဆိုင် ရဲ့ " အချစ်ဆိုတဲ့ အရသာ".......။

ချိုမြိန်ခြင်းကို တပ်မက်မိတဲ့ ဆန္ဒ.....
ပျိုမြစ်ခြင်းကို တောင့်တမိတဲ့ အာသီသ.....
ပန်းတစ်ပွင့် နူးညံ့မှု့
ခူးဆွတ် သိချင်ခဲ့တဲ့ တခဏ......
ကြုံသမျှ ထပ်တူမကျနိုင်တဲ့ လောက
ဘ၀ ဘ၀ လို့ အော်ဟစ်ဖူးတဲ့ ငါ့ရင်ဘတ်
ဒဏ်ရာဟောင်း က
ခဏ ခဏ
နှိုးဆွ တောင့်တ နေလေရဲ့
ထီးဆိုင် ရဲ့ " အချစ်ဆိုတဲ့ အရသာ"........။

နွားလဘို့သွား တောလား ( အဆုံးသတ်)

" ဘုရားက နောက်ထပ် နာရီဝက် နီးနီးလောက်လျှောက်ရမယ်ဝေ့..." တဲအတွင်းမှ အမယ်အိုကလဲ လှမ်းဟြေသည်။
" လက်ဖက် တော့ရှိတယ်သားတို့ရေ လက်ဖက်လေးပါ ဆွမ်းကပ်လိုက်ပေါ့ " " ဟုတ်ကဲ့ အဖွား အဆင်ပြေသလိုသာ လုပ်ပေးပါတော့ ဗျာ ကျွန်တော်တို့ကော စားဖို့ ထမင်းလောက်မလား အဖွား " " လောက်မှာပါ သုံးယောက်စာလောက်တော့ လောက်မယ်ထင်တယ် " ဦးဇင်း ကိုမျိုး အား ဆွမ်း အရင်ကပ် ရသည်။
ပြီးလျှင် ကျွန်တော်တို့လဲ စားသည်။ ထမင်းစားပြီးသောအခါ ခနနားရင်း စကားစမည်ဟြေကြသည်။ " ကျွန်တော်တို့တော့ အရှေ့က တက်သွားတဲ့ အဖွဲကို အရမ်းကျေးဇူးတင်တာပဲ အဘ ရာ .... ကျွန်တော်တို့ လမ်းပျောက်နေတာ ဟိုနားလေးက တောင်ယာတဲ ဘက်ကို လမ်းမှားပြီး သွားမိတာ အဲတောင်ပေါ်မှာ တစ်ဝဲလည်လည် ဖြစ်နေတာလေ " "ဟေ.... ဒီနေ့ အတွက်တော့ မင်းတို့က ပထမဆုံး ဘုရားသွားတဲ့ သူတွေပဲ ကွ.... မင်းတို့ အရှေ့မှာ ဘယ်အဖွဲ့မှ မတက်သေးပါဘူး .." " ဟုတ်လို့လား အဘရယ် ကျွန်တော်တို့ သုံးယောက်စလုံး ကြားတာပါ.... သူတို့ အသံ ပြန်ပေးလို့ လမ်းမှန်ပြန်တွေ့တာ အဘရဲ့" " ငါ တစ်မနက်လုံး
ဒီနေရာမှာပဲ ထိုင်နေတာ ပါကွာ " ကျွန်တော်တို့ ဆက်မဟြေတော့....။ အတွေး ကိုယ်စီဖြင့်သာ နှုတ်ဆက် ပိုက်ဆံရှင်းပေးရင်း ဘုရား ဆက်တက်လိုက်ကြသည်။ နာရီဝက် ၀န်းကျင်လောက်တွင် ဘုရား ပေါ်သို့ ရောက်ကြ၏။ ကျိုက်ထီးရိုး ဘုရား ကဲ့သို့ပင် ကျောက်တုံး ပေါ်မှာ စေတီ တည်ထားခြင်းပင်။ ကျောက်တုံးက
သုံးလုံးဆင့်ထားခြင်း ဖြစ်သည် ။ အကြီးအသေး အရွယ်မညီသော ထူးထူးခြားခြား ပုံစံ စေတီဖြစ်သောကြောင့် လူအများ တစ်ကူးတစ်က လာဖူးကြခြင်း ဖြစ်သည်။ ဘုရား အနီးတွင် ဇော်ဂျီဆေးကျိတ်သောနေရာ နတ်သမီး ရေတွင်း စသဖြင့် အထိမ်းအမှတ် နေရာလေးများလည်း ရှိသည်။ ထိုနေရာမှ ကြည့်လျှင် ရှု့ခင်းမှာ အတော်ပင်
လှသည်။ ကုလားမတောင်ကြော ကြီးကို မြင့်ရာမှ နိမ့်ရာ နိမ့်ရာသို့ ပင်လယ်အထိ ပြေဆင်းသွားသလိုပင် ။ ပန်းချီ ကားတစ်ချပ် ကြည့်နေရသလိုပင်။ မျက်စိ ပသာဒ ရှိလှပေသည်။ ပင်ပန်းသမျှ သည်လည်း ဘုရားဖူးသော အခါနှင့် တောတောင် ရှု့ခင်း ကြည့်သော အခါတွင် အမောပြေရပေသည် ။ ပင်ပန်းရကျိုး နပ်ရသည်ဟုပင် ဆိုရမလိုပင်။ဘုရားပေါ်တွင် တစ်နာရီခန့် လှည့်ပတ် ကြည့်ရှု့ပြီးနောက် ပြန်ဖြစ်ခဲ့သည်။ အပြန်ခရီးတွင် ကားဖြင့်သာ ဆင်းကြတော့မည်။ ကားဖြင့် ဆင်းပါက ကျိုက်ထီးရိုး စေတီကို အဝေးမှ လှမ်းဖူးလို့ ရသတဲ့လေ။
ကျွန်တော်ကတော့ သူများထက် နဲနဲ ပိုလိုက်ရမှ ကျေနပ်တဲ့ သူကိုး..။ကားခေါင်မိုးပေါ်က ၀က်ခြံ ပေါ်တွင် တက်ပြီး နေရာ အကျအန ယူလိုက်သည်။ စိတ်ထဲတွင်တော့ ကျိုက်ထီးရိုး ဘုရားလဲ အဝေး ကဖူးမည်။ တောတောင်ရှု့ခင်းလဲ အပေါ်စီးက ကြည့်မည်ပေါ့။ ကား စထွက်တော့ တွက်ကိန်းမှားလေတော့သည်။ တောင်အောက်သို့ အဆင်းလမ်း ဖြစ်သောကြောင့် မက်စောက်သော လမ်းတွင် ကားဘရိတ်သံ တစ်ရှုးရှုး ဖြင့်
အောက်သို့ မလွင့်သွားစေရန် လက်ကို မြဲမြဲ ကိုင်ရင်း ကားခေါင်မိုးကို စေ့စေ့ကြည့်ရင်း တောင်ခြေသို့ ရောက်ခဲ့ရပါတော့သည်။

စာကြွင်း။ ။ တောရိပ် တောင်ရိပ် နှင့် နီးစပ်သူများအတွက် မဟြေပလောက်သော အတွေ့အကြုံလေးကို အမြဲ
အမှတ်တစ်ရ ဖြစ်နေတတ်သော ကျွန်တော် အခု ကန္တာရ အလယ်တွင် တော်ရိပ်တောင်ရိပ် ကို ပိုမို
တမ်းတ မိလာသောကြောင့် ရေးဖြစ်ခဲ့ခြင်းရယ်ပါ။

နွားလဘို့သွား တောလား ၃

လမ်းကတော့ လုံးဝ မမြင်တော့ ။ အပင်တွေကြားထဲတိုးဝှေ့ သွားနေရသည်။ မြင်နေကျ အပင် သုံးခါမြောက် မြင်တော့မှ ကျွန်တော်တို့ သုံးယောက် တောင်ကို ပတ်ပြီး လျှောက်နေမိမှန်း ရိပ်မိလာခဲ့သည်။ ဘယ်နေရာ
မှာ ဖြတ်ဆင်းရမှန်းလဲ မသိကြတော့ ။ သူတို့တော့ ဘာတွေ တွေးနေမည်မသိတော့။ ကျွန်တော်ကတော့
တောပိုင် တောင်ပိုင် မြင်ရ မမြင်ရ သော သူများကို စိတ်ထဲတွင် တောင်းပန်နေမိတော့သည်။ ပါးစပ်ကတော့
ထုတ်ပြီး မဆိုရဲ ။ စိတ်ထဲ ဆိုရတာပင် မရဲ တရဲ ဖြစ်နေမိသည်။ လမ်းများ ပြန်တွေ့ပါတော့မလား ။ စိုးရိမ်စိတ်
ကလဲ ဖုံးဖိလို့ မရတော့ ။ အဖော်များလဲ သည်အတိုင်းပင် ။ မတိုင်ပင် ပါပဲနှင့် သုံးယောက်သား အပင်တစ်ခုအနား
ခြေစုံ ရပ်မိကြသည် ။ အမောလဲ ဖြေရင်း အကြံလဲ ထုတ်ကြရင်း ဆိုပါတော့ ။ စိတ်ထဲတွင်လဲ တောင်းပန်ရင်း ဆုတောင်းနေရင်းပေါ့လေ ။ ထိုနေရာလေးတွင် ရပ်နေစဉ် တစ်ဖက်တောင်ကြောမှ လူသံများ ကြားလာရသည်။
သုံးယောက်သား မျက်နှာများ ၀င်းထိန် လျှက် နှုတ်ဆိတ် တတ်သော ကုလားကြီးမှ အသံ စထွက်လာသည် ။
" ဝေးး ...... ဟေးးးးး..... ဝေးးးးး...... ဘုရားသွားဖူးကြမှာလားဗျို့......." တစ်ဖက်မှလဲ မဆိုင်းမတွ ပြန်အော်သည်။
" အေး.... ဟုတ်တယ် ....... ဘုရားသွားဖူးကြမှာ......." အသံများက ယောင်္ကျားလေး အသံကော မိန်းကလေး အသံပါ စုံလှသည်။ အဖွဲ့လိုက် ဘုရားဖူးလာကြဟန် တူသည် ။ " လမ်းပျောက်နေလို့ ဗျို့ ကျေးဇူးပဲ " ကုလားကြီး
က ကျေးဇူးတင်စကား လှမ်းဟြေဖို့ မမေ့ ။ အားလဲရှိသွားကြပြီ ။ အသံ ရှိရာသို့ မှန်းလျှက် တောင်အောက်ဘက်သို့ ဆင်းလိုက်ကြသည် ။ တွေ့ပါပြီ တောင်ယာတဲလေး ။ ကျွန်တော်တို့ နီးလျှက် ဝေးနေကြခြင်းပင် ။သစ်ပင်များ ကွယ်နေသောကြောင့် မတွေ့ရခြင်းပင် ။ ဆယ်မိနစ်ပင် မပြည့် တောင်ယာတဲနားသို့ ရောက်သွား၏။ လမ်းကလဲ ပြန်ပေါ်လာသည် ။ လမ်းခွဲလေး သို့ ပြန်အရောက် ညာဘက် ရွံ့ များ ဗွက်များ ထနေသော လမ်းလေးကို ပြန်ရွေးချယ်လိုက်သည် ။ သိပ်မလျှောက်ရသေးခင် လမ်းခုလတ် ဈေးဆိုင်လေး တစ်ခု တွေ့လေသည် ။ နာရီကြည့်လိုက်တော့ ဆယ့်တစ်ခွဲကို နည်းနည်းပင် စွန်းနေပြီ။ ဆိုင်လေးထဲ လှမ်းဝင်ရင်း ပက်လက်ကုလားထိုင် ဖြင့် ထိုင်နေသော အဘိုးအို အား " အဘရေ မုန့်တွေပဲလား
ထမင်းကော ရနိုင်မလား အဘ ဦးဇင်းလေး ဆွမ်းမမှီ မှာ စိုးလို့ အဘရေ " " ထမင်းကတော့ ရှိတယ်ဝေ့....ဟင်းကတော့ အကြော်ထုတ်တွေ ဖြုတ်ပြီး ကပ်လိုက်ကြပေါ..."

နွားလဘို့သွား တောလား ၂

" လမ်းမှ ဟုတ်သေးရဲ့လားဗျ တော်ကြာ ဘုရားနဲ့ ဆန့်ကျင်ဘက်ကို သွားမိနေပါဦးမယ် " ကျွန်တော် မနေသာတော့ ထုတ်မေးရတော့သည်။ " လမ်းမရှိတော့လဲ တည့်တည့်သွားမယ်လေဗျာ ..ဟိုဘက်တောင်မှာ
ဘုရားကို လှမ်းဖူးလို့ရနေတာပဲ..... မပူပါနဲ့ဗျာ ရောက်မှာပါ " ကိုကုလားကြီးက စကားသံထွက်လာ၏။ လမ်းကတော့ နောက်ပြန်လှည့်ကြည့်လဲ လာခဲ့သောလမ်းကို မမှတ်မိကြတော့။ ရှေ့ဆက်ဖို့သာ ကျန်တော့သည်။ဘုရားတည့်တည့်ကို မှန်းဆပြီး တောင်ကုန်းအတိုင်း သစ်ပင်များအကြား တိုးဝှေ့ ဆင်းလိုက်သည်။
ဝါးရုံတော့ တစ်ခုအနီးသို့ မရောက်မှီ ရှဲကနဲ အသံနှင့်အတူ လက်မောင်းလုံးခန့် ရှိသော မြွေ မဲမဲ တစ်ကောင် ရှောင်ပြေးသွားခြင်းကို မြင်ဖြင့်အောင် မြင်လိုက်သေးသည်။ စိတ်ထားမှာတော့ ယားကျိကျိ ပင် ဖြစ်သွားသည်။
တော်သေးသည် ရှောင်သွားပေလို့သာပင် မရှောင်ပဲ စိတ်ကြီးဝင်နေသော အကောင်သာဆို ဘာတွေဆက်ဖြစ်မည်လဲ မတွေးရဲတော့ ။ တောင်အောက်သို့ရောက်သောအခါ အမောစို့တော့သည်။
ရှေ့တွင် တစ်ဘက်တောင်သို့ တက်ဖို့လုံးဝ မဖြစ်နိုင်။ ကမ္ဘားကြီးက မြင့်လဲမြင့်သည် ။မတ်လဲမတ်ဆောက်နေသည်။ အောက်ခြေတွင် စမ်းအိုင်လေး တစ်ခုရှိလေသည်။ စမ်းရေမှာ အေးလို့ စိမ့်လို့ပင်။ ရှည်ရှည်ဝေးဝေး တွေးမနေတော့ မောလာသမျှ စမ်းရေကို တစ်ဝကြီးငုံ့သောက်ကာ သုံးယောက်သား ခြေပစ်လက်ပစ် စကားလဲ မဟနိုင်တော့ ။ အမောပြေလောက်မှ စမ်းရေကို ထပ်သောက်ရန်
အကြည့် " အားပါးပါး ကိုကုလားကြီး ကြည့်စမ်းပါဦးဗျ ပုစွန်ထုတ် ကြီး နည်းတာမဟုတ်ဘူး .... လာဗျာ .... ဖမ်းကြည့်ရအောင်.." ဦးဇင်း ကိုမျိုး ကတော့ ခပ်လှမ်းလှမ်း တွင် ထိုင်လျှက် ဘာတစ်ခွန်း မှ ၀င်မဟြေတော့ ။ လမ်းမှန်ကို တွက်ဆနေဟန် တူသည်။ ပုစွန်က အကောင်သာကြီးသည် လျှင်သည် ဖမ်းလို့မရ ။ နှစ်ယောက်သား
ဖမ်းမရမှန်း တွက်ဆမိမှ ကမ်းပေါ်ပြန်တက် အနားယူ ရသည်။ နားနေစဉ် အတွေး တစ်ခုက လှစ်ကနဲ ခေါင်းထဲ
ဝင်လာ၏ ။ ပုစွန်တောင် ဒီလောက်ကြီးမှတော့ ဒီအနား လူသူလေးပါး လာကော လာကြရဲ့လား။ ဆက်မတွေးတော့ ။ ကျန်သော အဖော်၂ယောက်ကို မသိမသာ ကြည့်လိုက်တော့ သူတို့လဲ ထိုသို့ တွေးနေပုံပင်။ ရွှင်ပြသော အမူအယာများ ပျောက်ကာ အသံတိတ်နေကြ၏ ။ " ကဲ ဆက်ကြဦးစို့ ကိုကုလားကြီးရေ ကျွန်တော်တို့က နေမွန်းလွဲမှ ရောက်လဲ ကိစ္စ မရှိဘူး ဦးဇင်း ကိုမျိုး ဆွမ်းစား ဖို့က အချိန် မှီဖို့ လိုတယ်ဗျ အမောလဲ ပြေပြီမဟုတ်လား " ကျွန်တော်ကပင် တိုက်တွန်းရင်း လမ်းပြန်ရှာဖို့ ထရပ်လိုက်သည်။
သုံးယောက်သား စကားလဲ မဟြေဖြစ်တော့ ။ စိုးရိမ်စိတ်က ဘယ်က ဘယ်လို ၀င်လာမှန်းမသိ ။ အဖော်များ မရိပ်မိအောင် မျက်နှာကို အတည်ငြိမ်ဆုံး ထားနေရသည်။ သူတို့လဲ မျက်နှာ သိပ်မကောင်းကြ ။

တောင်းပန်ခြင်း

ကျွန်တော့် ခရီးသွား အကြောင်း ရေးတဲ့ပိုစ့်လေး ဆက် ပြီးရေးပါ့မယ့် ဘလော့နဲ့ ပတ်သတ်လို့ မကျွမ်းကျင်မှု့ကြောင့် ဖတ်ရခက်ခဲ တာလေးများရှိရင် ကျွန်တော့် အားနည်းချက်ကို နားလည်ပေးကြပါ
ကျေးဇူးတင်ပါတယ်